History of World Badminton

The laws of Badminton came to exist basing on its game. It was first invented in India. According to Myanmar Encyclopedia II, the game was brought to England when the British conquered was on India, and from there it spread to all over the world.

It is mentioned in Britinia Encyclopedia published in 1939 that the game was first introduced to England in 1873. But when reprinted in 1968, it speculated to have introduced in England earlier than 1870.

The scatch of a lady holding a badminton racquet in Florence, Italy was mentioned in the book published by the World Badminton Federation. This scatch was the work of the French artist “Jean M.Charden who lived from 1699 to 1779.This has caused doubts about the speculations of 1870 and 1873.

It is said the name “Badminton” came to exist when the Duke of Beaufort gave a banquet in honour of the military officers who returned from India. The banquet was held in Badminton House, Gloucestershire (now Avon), England where, it is said, the officers played an exhibition game. Taking after the name of that stately home, the game came to be know as a game of Badminton.

ကြက်တောင်ရိုက် ကစားနည်း ဥပဒေအစ

ကြက်တောင်ကစားခြင်းကိုမှီငြမ်းပြု၍ ကစားနည်းဥပဒေ ဖြစ်ပေါ်လာရသည်။ ကြက်တောင်ကစားခြင်းကို ရှေးဦးစွာ အိန္ဒိယနိုင်ငံမှ စထွင်လိုက်သည်။ အိန္ဒိယကို ဗြိတိသျှတို့ စစ်နိုင်သောအခါ အိန္ဒိယမှတဆင့် အင်္ဂလန်ပြည်သို့ ထိုကစားနည်း ရောက်ရှိသွားသည်။ အင်္ဂလန်ပြည်မှတဖန် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားလေသည်ဟု မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် ဖော်ပြထားသည်။

၁၉၃၉ ခုနှစ်ထုတ် “ဗြိတိသျှနီကာ” စွယ်စုံကျန်းတွင် အိန္ဒိယမှ အင်္ဂလန်သို့ ၁၈၇၃ ခုနှစ်ခန့်တွင် ရောက်ရှိသည်ဟု ဖော်ပြထားပြီး ၁၉၆၈ ခုနှစ်တွင်ပြန်လည်ပုံနှိပ်သောအခါ ၁၈၇၀ ပြည့်နှစ်ထက် စောစောပိုင်းကဟု ဖော်ပြပြန်ပါသည်။ အပြည်ပြည်ဆိုင်ရာ ကြက်တောင်အဖွဲ့ချုပ်မှ ထုတ်ဝေသော စာအုပ်တွင် ပြင်သစ်ပန်းချီဆရာကြီး “ဂျင်းစီမရွန်ချာဒင်” ရေးဆွဲခဲ့သော အမျိုးသမီးတစ်ဦး၏ ကြက်တောင်နှင့်ဘက်တံ ကိုင်ထားသောပုံကို အီတလီပြည် “ဖလောရင်း” မြို့တွင် တွေ့ရှိသောအခါ ၁၈၇၀ ပြည့်နှစ်ကို သံသယဝင်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုပန်းချီဆရာကြီးသည် ၁၆၉၉ ခုနှစ်တွင် မွေးဖွားပြီး ၁၇၇၉ ခုနှစ်၌ ကွယ်လွန်ခြင်း ကြောင့်ဖြစ်နေသည်။

ကစားနည်း၏အမည်ဖြစ်ပေါ်လာပုံမှာ ၁၈၇၃ ခုနှစ်တွင် အိန္ဒိယပြည်မှ အင်္ဂလန်ပြည်သို့ပြန်လာကြသော ဗြိတိသျှတပ်မတော် အရာရှိတစုကို “ဘက်ဖို့” မြို့စားကြီး ဂလေက်စက်စ်တာရှိုင်းယားနယ် ‘ဘက်တမင်တန်’ ရွာသို့ ဖိတ်ကြား၍ ဧည့်ခံပွဲတခု ပြုလုပ်ပေးခဲ့၏။ ဧည့်ခံပွဲတွင် ဧည့်သည်တော်တို့သည် မိမိတို့တက်မြောက်ခဲ့သော ကစားနည်းကို ကစားပြသခဲ့သည်ဟု အဆိုရှိ၏။ ဤသို့အင်္ဂလန်ပြည်တွင် ယင်းကစားနည်းကို စတင်ကစားခဲ့သော နေရာအရပ်ကိုအစွဲပြု၍ နောင်တွင် “ဘက်တမင်တံ” ကစားနည်းဟူ၍ အမည်တွင်လာလေသည်။ ကြက်တောင်ရိုက်ကစားနည်း ဥပဒေကို အင်္ဂလိပ်လူမျိုး ကာနယ်အိပ်(ချ်) အိုဆယ်ဘီက ၁၈၇၇ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်တောင်ရိုက်အဖွဲ့ချူပ်ကို ၁၉၃၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ရာ ကစားနည်းဥပဒေကို ၁၉၃၇ ခုနှစ်၌ အနည်းငယ်ပြင်ဆင်ခဲ့သည်။ ၁၉၃၈ ခုနှစ် အဖွဲ့ချုပ်နှစ်ပတ်လည် အစည်းအဝေး၌ ကနေဒါပြည်က ကစားနည်းဥပဒေကို အသစ်ပြန်ရေးကြရန် အဆိုပြုသည်ကို လက်ခံခဲ့ပြီး ပြုပြင်ရေးဆွဲသော ကစားနည်း ဥပဒေကို ၁၉၃၉ ခုနှစ် အစည်းအဝေးတွင် လက်ခံအတည်ပြုပေးခဲ့သည်။ ကစားနည်းဥပဒေကို တိုင်ပြည်အသီးသီး၌ အဓိပ္ပါယ်ပြန်ဆိုသောအခါ အယူအဆ ကွဲပြားနေသည်ကို တွေ့ရသဖြင့်အဖွဲ့ချုပ်က ဤကစားနည်းဥပဒေကို မည်သည့်ဘာသာဖြင့်ပင် အဓိပ္ပါယ်ပြန်ဆိုစေကာမူ အင်္ဂလိပ်စာဖြင့်ရေးသားချက်ကိုသာ နောက်ဆုံးအတည်ပြုဖြစ်ရမည်ဟု အဆိုရှိထားပါသည်။

ဤကစားနည်းဥပဒေကို အပြည်ပြည်ဆိုင်ရာ ကြက်တောင်ရိုက်အဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးတွင်သာ ပြင်ဆင်ခွင့်ရှိပါသည်။ ပြင်ဆင်ရာတွင် တက်ရောက်သူအသင်းဝင် ၃ပုံ ၂ပုံ မဲအရေအတွက် ရမှသာပြင်ဆင်ခွင့် ရှိပါသည်။ ဥပဒေ ၁၄(ဇ) ကို ပြင်ဆင်ခဲ့ပြီးနောက် နှစ်တိုင်းလိုလို ၎င်းဥပဒေကို ထပ်မံပြင်ဆင်ရန် အငြင်းပွားခဲ့ခြင်းကြောင့် အစည်းအဝေးတွင် အချိန်များစွာ ကြာညောင်းခဲ့သည်ကို တွေ့ရသဖြင့် ဥပဒေတစ်ပိုဒ်ကို ပြင်ဆင်ထားပြီးသည်မှ နောက်သုံးနှစ်အတွင်း ထပ်မံပြင်ဆင်ရန်အဆိုမပြုရ။ (သို့ရာတွင် ပြင်ဆင်ရန်အထူးလိုအပ်သည်ဟု တက်ရောက်သူအသင်းဝင် ငါးပုံလေးပုံက ယူဆလာပါက ပြန်လည်စဉ်းစား နိုင်သည်) ဟု အဖွဲ့ချူပ် စည်းမျဉ်းထဲတွင် ဖော်ပြလာရသည်။ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရးကောင်စီ၏ ခိုင်းစေချက်အရ မြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ်မှ ၁၉၅၂ ခုနှစ်တွင် ဤဥပဒေကို မြန်မာဘာသာပြန်ဆိုနိုင်ခဲ့သည်။ ၎င်းစာအုပ်ကို ၁၉၅၅ ခုနှစ်တွင် ပြန်လည်ရိုက်နှိပ်ခဲ့ ရသည်။ ထိုမှတဖန် ဥပဒေပြင်ဆင်ချက်များ ရှိလာခြင်းကြောင့် ၁၉၆၉ နှင့် ၁၉၇၇ ခုနှစ်တို့တွင် ထပ်မံပြင်ဆင် ရိုက်နှိပ်ခဲ့ရသည်။ နောက်ဆုံးပြငန်ဆင်ရိုက်နှိပ်ခြင်းမှာ ယခုအခါ (၆) နှစ် ရှိပြီဖြစ်၍ ဥပဒေပြင်ဆင်ချက်များလည်း အလွန်များသည်ကို တွေ့ရသဖြင့် မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချူပ်က ထပ်မံရိုက်နှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းကို စာဖတ်သူများသိသာစေရန် ဖော်ပြလိုက်ပါသည်။