What is Badminton?

It is a hitting game which evolved from the ancient game of battle dore and shuttle cock.
Games similar to battle dore and shuttle cock had been played for recreation in one form or another for undreds of years, the idea being to co-operate to see how many times the players could hit the shuttle to and fro without it hitting the ground.
The idea changed from one of co-operation to one of competition when the players began to hit the shuttle to the ground on their opponent’s side of the court.
The name badminton comes from Badminton house, the Gloucester-shire (now Avon) estate of the Duke of Beaufort where, in 1873, it is claimed some army officers on leave from India amused themselves by playing the game. The first set of rules was formed in 1873 in Poona and added to over the next few years.
The game continued to develop in different forms is various countries until 1893, the Badminton Association of England (BA of E) was formed and uniform set of the laws of Badminton was published. In 1934, the International Badminton Federation (IBF) was formed, the association of the countries which play badminton.
The most prestigious tournament, the all England Championships, was held in 1899. It takes place annually and is attended by the top players from all over the world. Until 1977 when the IBF organized the first formal world Championships in Malmo the all England Championships were considered to be the unofficial, world championships. The IBF world championships were are now held every two years. Other major championships are the common wealth games, the Europeans championships, the Asian championships and many grand prix tournaments. There are also major team championships, the Thomas cup for men and the Uber cup for women which are held every two years. In 1992, badminton game full recognition as an Olympic Sport.

ဘက်မင်တန်ဆိုသည်မှာအဘယ်နည်း (ဘာလဲ)။

ဤကစားနည်းသည် ရှေးရှေးက(ရှေးပဝေသဏီ)က၊ သစ်သားပြားကို ကြက်တောင်ဖြင့်ရိုက်ကစားရာမှ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာသော ကစားနည်းတစ်ရပ်ဖြစ်သည်။
သစ်သားပြားနှင့် ကြက်တောင်ရိုက်ကစားခြင်းနှင့် အလားတူဆင်သည့် ကစားနည်းများစွာတို့ကို ရာစုနှစ်များစွာကပင် အပန်းဖြေနည်းတစ်ရပ် (သို့မဟုတ်) အခြားနည်းအသွင်အဖြစ် ကစားလာခဲ့ကြပါသည်။ ကစားသမားများသည် ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြက်တောင်ကိုမြေပြင်သို့ မကျစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မည်မျှရိုက်နိုင်သည်ကို လုပ်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ကစားသမားများသည် ကြက်တောင်ကိုယှဉ်ပြိုင်ဘက်ကစားကွင်းအတွင်း မြေပြင်သို့ ကျစေရန် ရိုက်သည့်အချိန်အခါမှ စတင်၍ပူးပေါင်းဆောင်ရွက်မှု အသွင်မှ ပြိုင်ပွဲတစ်ရပ်အသွင်အဖြစ်သို့ သဘောထားအမြင်ပြောင်းလဲကျင့်သုံးလာခဲ့ပါသည်။
ကြက်တောင်အမည်စတင်ဖြစ်ပေါ်ရခြင်းအကြောင်းမှာ၊ ၁၈၇၃ ခုနှစ်၌ စစ်တပ်မှအရာရှိအချို့သည် အိန္ဒိယနိုင်ငံမှ ခွင့်ဖြင့်ပြန်လာရာမှ အင်္ဂလန်နိုင်ငံ၊ ဂလောက်ဆက်တာရှိုင်းယားပြည်နယ် (ယခု အေဗွန်) နယ်မြေ၏မြို့စားကြီး ဗြူးဖို့(ဒ်)၏ Badminton House တွင် သရုပ်ပြကစားခဲ့ရာမှ ၎င်းအမည်ကို ခေါ်တွင်ခဲ့ပါသည်။ ပထမဦးစွာစည်းမျဉ်းဥပဒေကို ၁၈၇၃ ခုနှစ်တွင်ရေးဆွဲပြီး၊ နောက်နှစ်အနည်းငယ်တွင် စည်းမျဉ်းများကိုထပ်မံ၍ ဖြည့်စွက်ရေးဆွဲခဲ့ပါသည်။
အင်္ဂလန်နိုင်ငံကြက်တောင်အဖွဲ့ချုပ်ဖွဲ့စည်းခြင်းနှင့် ကြက်တောင်ကစားနည်းဥပဒေများကို တညီတညွတ်တည်း ပုံနှိပ်ထုတ်ဝေခြင်းမတိုင်မီ ၁၈၇၃ ခုနှစ်အထိ၊ ကြက်တောင်ကစားခြင်း တိုးတက်မှုသည် နိုင်ငံအသီးသီးတို့၌ ခြားနားသောပုံစံအမျိုးမျိုးဖြင့် ဆက်လက်မရပ်မနားဘဲ ရှင်သန်လျက်ရှိသည်။ ၁၉၄၃ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ကြက်တောင်အဖွဲ့ချုပ် (IBF) ဖွဲ့စည်းခဲ့ပြီးနောက် အသင်းအဖွဲ့များဖွဲ့စည်းထားသည့် နိုင်ငံများတွင် ကြက်တောင်ကစားပါသည်။
ဂုဏ်သတင်းအားဖြင့်ကြီးမြင့်သည့် အင်္ဂလန်လုံးဆိုင်ရာတံခွန်စိုက်ပြိုင်ပွဲကို ၁၈၉၉ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။ ဤပြိုင်ပွဲကိုနှစ်စဉ်ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိလက်ရည်အဆင့်အမြင့်ဆုံး ကစားသမားများပါဝင်ယှဉ်ပြိုင် ခဲ့ကြပါသည်။ ၁၉၇၇ ခုနှစ်မတိုင်မီ အပြည်ပြည်ဆိုင်ရာ ကြက်တောင်အဖွဲ့ချုပ် (I.B.F) မှ၊ Malmo မြို့တွင် ကမ္ဘာ့တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲကို ပထမဦးဆုံး ကြီးမှူးကျင်းပခဲ့ရာ Malmo အင်္ဂလန်လုံးဆိုင်ရာ တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲသည် ကမ္ဘာ့တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။
ယခုအခါ၊ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲကို ၂နှစ်တစ်ကြိမ်ကျင်းပလျက်ရှိသည်။ အခြားအဓိကကျသည့် တံခွန်စိုက်ပြိုင်ပွဲများမှာ ဓနသဟာယပြိုင်ပွဲများ၊ ဥရောပတံခွန်စိုက်ပြိုင်ပွဲများ၊ အာရှတံခွန်စိုက် ပြိုင်ပွဲများ နှင့် ဂရင်းပရီပြိုင်ပွဲ မြောက်များစွာတို့ကို ကျင်းပလျက်ရှိသည်။ ထို့ပြင် အရေးပါပြီးအဓိက ကျသော အသင်းလိုက် တံခွန်စိုက်များဖြစ်သည့် အမျိုးသားများယှဉ်ပြိုင်သည့် Thomas ဖလားနှင့် အမျိုးသမီးများပါဝင်ယှဉ်ပြိုင်ရသည့် Uber ဖလား အမျိုးသားနှင့်အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲများကို ၂နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး၊ ၁၉၉၂ ခုနှစ်တွင် ကြက်တောင်ကစားနည်းကို အိုလံပစ်အားကစား ပွဲတော်တွင် အပြည့်အဝအသိအမှတ်ပြုပြီး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။