History of Myanmar Badminton

In Myanmar the game of badminton started in 1910. Looking back the growth process of Badminton, we will come to know how it has developed step by step. The game of badminton is not Myanmar traditional game and this kind of game has not been played before colonialism in Myanmar. The British were the people who brought the seeds of badminton game to grow in Myanmar during the British colonial regime.

At first, The British family especially the Christian ladies started playing badminton and later British men participated to play badminton. Hence, the British officers played badminton in their resident compound for their health purpose. Afterwards, the British officers started playing badminton with their same status of rank and among their own people for pleasure and friendship. Later the Indian officers joined the British officers in playing badminton and thus the British and the Indian officers enjoyed playing jointly the game of badminton.

Dressed in decent sports uniform, these officers look so neat and clean that most Myanmar liked to sit watching them with a gaze. It is to be said that the game of badminton at first bloomed only among the prestigious people. But later Myanmar officers gradually joined the British and Indian counterparts and remained as a game for high-class people.

Slowly it spread among other staff members and then to their Surrounding. Slowly it gained momentum and become popular among the public. In Yangon Division, it become popular in the areas such as Botahtaung ward, Pazundaung ward, Yay Kyaw ward, Methodist school, Maw Tin, Phone Gyi Street, Ah Lone ward, San Chaung ward, Kyi Myin Dine ward, University and Dalah/Arnt Gyi ward.

Become Popular Among the Public

Outside Yangon, the game of badminton originated only in the regions where mostly British people live at petroleum land areas such as, Ye Nan Chaung, Chauk areas and later Thar Yar Waddi, Pegu, Mandalay, Taung Gyi, Maw La Myaing, Tha Nin Thar Yee regions and Delta Regions.

In Yangon, the game of badminton was first held in 1927, U Ba Than (Bombay Burma Company) and his son U Khin Win Pe, U Mya, U Ba Thein Zan (1973/74, Myanmar Badminton Federation Umpire’s Association Vice President), Mr. Hamood Ji, U Ko Ko Gyi (Pyin-ma-na) and U Chit Sein were Yangon, debut.

In 1928, the badminton clubs in Yangon played friendly matches and as the game of badminton became more familiar and popular, the clubs invited each other to play friendly matches and in December 1939, U Ba Than and his friends organized and held the first badminton tournament.

Unfortunately badminton tournaments were stopped until 1941 due to the second world war and the last tournament which was played in BAA (Aung San Stadium) as mentioned in the badminton magazine published in 1952 by U Thein retired information member of Myanmar Badminton Federation.

After the second world war ended in 1947, the sports enthusiast Sir U Maung Gyi was appointed as Chairman together with U Zaw Weik (Retired Director of Physical and Health Council). Together they organized a badminton tournament at Town Hall in Yangon. (Lu Du U Hla, U Hetik Tin Maung, U Ba Kun and Daw Khin Mu Aye were the participants for the above tournament).

Since then the game of badminton became more active and lively. There after, Bombay Burma U Ba Than and his circle of players joined together and tired their utmost to form the first Myanmar Badminton Federation in Myanmar.

  • In 16th January 1948

    The first Myanmar Badminton Federation was formed in 16th January 1948. President was U Ba Than (Bombay Burma) and Secretary was U Aye (@) U Pyi Thein (Barrister of Law) consisting 12 members.

  • In 16th December 1948

    But again Myanmar Badminton Federation was reformed in 16th December 1948. U Yu Saing was elected as President and U Tun Shein was elected as Secretary totaling 10 executive members for the Myanmar BF.

    Since 1948 until now, the executive members of Myanmar BF were elected accordingly. Myanmar BF contacted the Myanmar Olympic Committee in February 1948 and when the Myanmar Physical and Health Council was formed in 1950, Myanmar BF became most active in sport activities. In 1952, Myanmar BF was affiliated to International Badminton Federation (I.B.F) (now B.W.F) and also affiliated to Asian Badminton Confederation (A.B.C) (now B.A) and since then Myanmar BF participated mostly in international events.

  • In 1952

    In 1952, Myanmar BF was affiliated to International Badminton Federation (I.B.F) (now B.W.F) and also affiliated to Asian Badminton Confederation (A.B.C) (now B.A) and since then Myanmar BF participated mostly in international events.

  • In 1952

    In 1952, Myanmar BF changed the Federation name from All-Burma Badminton Association to Burma Badminton Federation and drafted the basic Constitution.

  • In 27th May 1964

    In 27th May 1964 the government cancelled the Sports and Health Council and formed the Sports Educational and Physical Department and Myanmar BF also changed its name again from “All Burma Badminton Association” to Burma Badminton Federation (now “Myanmar Badminton Federation”).

Badminton
Competitions And Events

Myanmar National Championships was held in 1948/49 and Junior Championships was held in 1956/57. Besides, Clubs tournaments, Regional tournaments, Inter States and Divisional tournaments were held in 1950, 1952 and 1958 respectively but in 1963 Myanmar was divided into 6 zones to hold this tournament. But the Inter States and Divisional Badminton Championship was permanently held since 1965 continuously until now.

At present, Myanmar Badminton Federation seeking guidance from the Myanmar Olympic Committee and Ministry of Sports, trying to promote the standard of Myanmar Badminton and making plans to achieve success in the international badminton competitions and events.

မြန်မာ့ကြက်တောင်ရိုက်အားကစားသမိုင်းနှင့်အဖွဲ့ချုပ်

မြန်မာ့ကြက်တောင်ရိုက် အားကစားသမိုင်းကို ပထမအစဦးဆုံး မှတ်တမ်းတင်ခဲ့သူမှာ မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက်အသင်းချုပ် ပြန်ကြားရေးမှူးဟောင်း ဦးသိန်းဖြစ်သည်။ ဦးသိန်းသည် ကြက်တောင်ရိုက် ကစားနည်းစာအုပ်ကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလတွင် ရေးသားထုတ်ဝေခဲ့သည်။ ဦးသိန်း၏ကျေးဇူးကြောင့် ၁၉၁၀ ခုနှစ်ခန့်တွင်မြန်မာပြည်၏ ကြက်တောင်ရိုက် ကစားနည်းစတင် ပေါက်ဖွား လာခဲ့သည်ဟု သိမှတ်ရပေသည်။

မြန်မာပြည်၌ကြက်တောင်ရိုက်ကစားနည်း ပေါက်ဖွားလာသည့်ကာလကို သိမှတ်ရပြီးနောက် အခြေအမြစ် အတိအကျကို လေ့လာစူးစမ်းသောအခါ မြန်မာပြည်တွင် ကြက်တောင်ရိုက်ကစားနည်း မျိုးစေ့ချ၍ စတင်စိုက်ပျိုးလာခဲ့ပုံ အဆင့်ဆင့်ကိုအရိပ်ထင် သိမြင်လာခဲ့ရသည်။ ကြက်တောင်ရိုက်ကစားနည်းသည် မြန်မာ့ရိုးရာကစားနည်းမဟုတ်၍ မြန်မာပြည်တွင် ယခင်က ဤကစားနည်း မရှိခဲ့ကြောင်းကို အထူးပြောရန်ပင်မလိုတော့ချေ။ ကြက်တောင်ရိုက်ကစားနည်းကို မျိုးစေ့ကိုပြည်ပမှ ယူလာ၍ စတင်စိုက်ပျိုးသူများမှာ ထိုအချိန်ကာလက အုပ်စိုးသူအင်္ဂလိပ်လူမျိုးများပင် ဖြစ်ပေသည်။

သို့သော် အမျိုးသမီးကစားနည်းဟု ပထမအစတွင် အမျိုးသားများက ယူဆပြီး ပစ်ပယ်ထားခဲ့၍ အမျိုးသမီးများ၊ အထူးသဖြင့် ခရစ်ယာန်အမျိုးသမီးများကသာ စတင်ကစားခဲ့ကြသည်။ ထို့နောက်မှအမျိုးသားများ တဖြည်းဖြည်းပါဝင်ကစားလာခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်အရာရှိကြီးများသည် မိမိတို့မိသားစု ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုအဖြစ် မိမိတို့ခြံဝင်းအတွင်းတါင် စတင်ကစားခဲ့ကြ၏။ ထိုမှတဖန် မိမိတို့နှင့်အမျိုးတူ အဆင့်တူချင်း ကျန်းမာပျော်ရွှင်ရေးနှင့် ချစ်ကြည်ရင်းနှီးရေးအတွက် စုပေါင်းကစားလာခဲ့ကြ၏။

နောင်တချိန်တွင် အိန္ဒိယလူမျိုး အရာရှိကြီးများကလည်း အင်္ဂလိပ်လူမျိုးတို့ကို အတုယူ၍ကစားခဲ့ကြရာမှ တဆင့် အင်္ဂလိပ်နှင့် အိန္ဒိယလူမျိုး ဂုဏ်ရည်တူအရာရှိကြီးများ ရောနှောပူးပေါင်း ကစားလာခဲ့ကြပေသည်။ အုပ်စိုးသူ ဂုဏ်သရေရှိသူများသာ ကစားခြင်းကြောင့် ကစားသမားတို့၏ အဝတ်အစားမှ ဖြူစင်သန့်ရှင်း သပ်ရပ်၍ လူသာမန်တို့အထင်တကြီး ငေးကြည့်ရလောက်အောင် ဖြစ်ခဲ့ရသည်ဟုဆို၏။ ကစားသမားတို့၏ အဆင့်အတန်း၊ ဂုဏ်သရေနှင့် အဝတ်အစား ဟိတ်ဟန်တို့ကြောင့်လည်း ကြက်တောင်ရိုက်ကစားသမာကို ပိုမိုအထင်ကြီး လေးစားထင်ပေါ်စေခဲ့ရ၏။ မြန်မာကြက်တောင်ရိုက် အားကစားနှင့်ပတ်သက်ပြီး ကြံဖန်၍ကြွားဝါဂုဏ်ယူလိုလျှင် မြန်မာကြက်တောင်ရိုက် အားကစားသည် တချိန်တခါက ရွှေထီးဆောင်းခဲ့ဖူးသည်။ တနည်းအားဖြင့် ရွှေလင်ဗန်းဖြင့် အချင်းဆေး၍ မွေးဖွားခဲ့သည်ဟု ပြောနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် အချိန်တခါက တနည်းအားဖြင့် ကြက်တောင်ရိုက်ကစားနည်း မြန်မာပြည်တွင် စတင်ပေါက်ဖွားလာခဲ့သည့်အချိန်က ဂုဏ်သရေရှိအုပ်စိုးသူတို့၏ လက်ထဲ၌ မွေးဖွားကြီးပြင်း၍ ရှင်သန်လာခဲ့ သောကြောင့်ပင် ဖြစ်လေသည်။ ထိုကဲ့သို့ အုပ်စိုးသူ ဂုဏ်သရေရှိ လူတစုလက်ထဲမှ မြန်မာပြည်သူလူထုရင်ခွင်သို့ ကြက်တောင်ရိုက်ကစားနည်း တစတစ ကူးပြောင်းကျယ်ပြန့်လာပုံကို အကျဉ်းမျှ ဖော်ပြလို၏။ အထက်ကဖော်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်နှင့် အိန္ဒိယလူမျိုး ဂုဏ်ရည်တူအရာရှိကြီးများ အချင်းချင်းရောနှော ကစားရာသို့ မြန်မာအရာရှိကြီးများလည်း တဖြည်းဖြည်း ပါဝင်လာခဲ့ပြီးနောက်တွင် အိန္ဒိယနှင့် မြန်မာလူမျိုး ရုံးဝန်ထမ်းများထံသို့ ဆင်းသက်ကူးပြောင်းလာခဲ့၏။ ရုံးဝန်ထမ်း၊ ရုံးဝန်းကျင်မှတဆင့် ရပ်ကွက်လူထုထဲသို့ တစတစစိမ့်ဝင်သွားခဲ့၏။

ကြက်တောင်ရိုက်ကစားနည်း စတင်ခြင်း

ရန်ကုန်မြို့တွင် ကြက်တောင်ရိုက်ကစားနည်းကို ၁၉၂၇ ခုနှစ်မှစ၍ ဦးဆောင်ကစားခဲ့ကြသူများမှာ ဦးဘသန်း (ဘုံဘေဘားမား) နှင့် သားဖြစ်သူ ဦးခင်ဝင်းဖေ၊ ဦးမြ၊ ဦးဘသိန်းဇံ (မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ်၊ ဒိုင်ဆပ်ကော်မတီ ၁၉၇၃/၁၉၈၁၊ ဒုတိယဥက္ကဌ)၊ မစ္စတာဟာမွတ်ဂျီ၊ ဘုန်းကြီးလမ်းအသင်းမှ ဦးကိုကိုကြီး (ပျဉ်းမနား)၊ ဦးချစ်စိန်တို့ဖြစ်သည်ဟု ဦးဘသန်း (ဘုံဘေဘားမား) ထံမှ သိမှတ်ခဲ့ရ၏။

၁၉၂၈ ခုနှစ်၌ ရန်ကုန်မြို့တွင် ကြက်တောင်ရိုက်အသင်းအဖွဲ့များကို မိမိတို့နီးစပ်ရာ အချင်းချင်းစုပေါင်းဖွဲ့စည်း၍ ကစားလာခဲ့ကြ၏။ ဖွဲ့စည်းထားသော အသင်းအဖွဲ့များအချင်းချင်း ဖိတ်ခေါ်၍ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားခဲ့ရာမှ အရှိန်ရလာသောအခါ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလတွင် ဘုံဘေဘားမားကလပ်မှ ကြက်တောင်ရိုက်ပြိုင်ပွဲတစ်ရပ်ကို စတင်ကျင်းပပေးခဲ့သည်။ ဤပြိုင်ပွဲတွင် ဦးဘသန်း (ဘုံဘေဘားမား)၊ ဦးကိုကိုကြီး၊ ဦးချစ်စိန်၊ ဦးကွန်း၊ ဦးတင်ဦး မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ် လက်ရှိအမှုဆောင်တို့က ဦးဆောင်ကြီးကြပ်ပေးသည်ဟု ဦးဘသန်းထံမှ မှတ်သားခဲ့ရသည်။ ဦးသိန်း၏ ၁၉၅၂ ခုနှစ် ဇန်နဝါရီလထုတ် ကြက်တောင်ရိုက်ကစားနည်းစာအုပ်၌ ဖော်ပြချက်အရ ၁၉၄၁ ခုနှစ်တွင် ဘီအေအေ (ယခု အောင်ဆန်းကစားပြိုင်ဝင်း) ၌ ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပခဲ့ပြီးနောက် ဒုတိယ ကမ္ဘာစစ်ဖြစ်လာခဲ့၏။ ထို့ကြောင့်ဂျပန်ခေတ်တွင် မြန်မာ့ကြက်တောင်ရိုက် အားကစားသည် ဆက်လက် မလှုပ်ရှားနိုင်တော့ပဲ အရှိန်အဟုန် ရပ်တန့်သွားခဲ့ရတော့သည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် ၁၉၄၇ ခုနှစ်တွင် အားကစားရေးရာကို အားပေးလေ့ရှိသော ဆာဦးမောင်ကြီး သဘာပတိအဖြစ် ကြီးမှူး၍ ဆရာဦးဇော်ဝိတ် (အမျိုးသားကိုယ်လက် ကြံ့ခိုင်ရေးကောင်စီ အငြိမ်းစား ညွှန်ကြားရေးဝန်) ဦးဆောင်ပြီး စစ်ပြီးခေတ် ကြက်တောင်ရိုက်ပြိုင်ပွဲကို မြို့တော်ခန်းမ၌ ပြန်လည်၍ စတင်ကျင်းပပေးခဲ့ရာ မန္တလေးမှလူထု ဦးလှ၊ ဦးထိပ်တင်မောင်၊ ဦးဘကွန်းနှင့် ဒေါ်ခင်မူအေး တို့လည်းပါဝင်ခဲ့ကြသည်ဟု သိရ၏။

ထိုအချိန်မှစ၍ မြန်မာ့ကြက်တောင်ရိုက်အားကစားသည် ပြန်လည်အသက်ဝင်လှုပ်ရှားလာရ သောကြောင့် ဘုံဘေဘားမား ဦးဘသန်းနှင့် ဝါသနာရှင် ကစားဖော် ကစားဘက်များ စုစည်းပြီး “မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက်အသင်းချုပ်ကြီး” ဖွဲ့စည်းတည်ထောင်ရန် စိုင်းပြင်း ကြိုးပမ်းခဲ့ပေသည်။

ပထမအစဦးဆုံး ဖွဲ့စည်းသော မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိက် အသင်ချုပ်ကြီးတွင် နာယကကြီးများအဖြစ် ဥက္ကဌ ဦးဘသန်း (ဘုံဘေဘားမား)၊ အတွင်းရေးမှူး ဦးအေး (ခေါ်) ဝတ်လုံတော်ရ ဦးပြည်သိမ်း အပါအဝင် အဖွဲ့ဝင် ၁၂ ယောက်ပါဝင်သည်။

  • ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်

    ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက် အသင်းချုပ်ကြီး၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ကျင်းပခဲ့၏။

    ဤအစည်းအဝေးကြီးမှ ဦးဘသန်း (ဘုံဘေဘားမား)အား နာယက တင်မြှောက်ကြပြီး ဦးယုဆိုင်ကို ဥက္ကဌအဖြစ် ရွေးချယ်လိုက်ကြသည်။ ဒုတိယအကြိမ် အသင်းချုပ်ကြီး၏ အမှုဆောင်များမှာ ဥက္ကဌ ဦးယုဆိုင်၊ အတွင်းရေးမှူး ဦးထွန်းရှိန် အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ပါဝင်သည်။

  • ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ

    မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက် အသင်းချုပ်ကြီးသည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာပြည် အိုလံပစ်အသင်းနှင့် ဆက်သွယ်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၌ နိုင်ငံတော် အစိုးရက အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ ဖွဲ့စည်းပြီးသောအခါ၌ ကောင်စီအဖွဲ့ဝင် ဖြစ်လာခဲ့ကာ နိုင်ငံတော်ကို ကိုယ်စားပြုလျှက် မြန်မာ့ကြက်တောင်ရိုက်အားကစား ကျယ်ပြန့်တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်။

  • ၁၉၅၂ ခုနှစ် မတ်လ

    ၁၉၅၂ ခုနှစ် မတ်လတွင် အပြည်ပြည်ဆိုင်ရာ ကြက်တောင်ရိုက်အဖွဲ့ချုပ် [International Badminton Federation (I.B.F)] သို့ လည်းကောင်း၊ ၁၉၅၉ ခုနှစ် ဇူလိုင်လတွင် အာရှကြက်တောင်ရိုက် အဖွဲ့ချုပ် [Asian Badminton Confederation (A.B.C)] သို့လည်းကောင်း မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက် အသင်းချုပ်ကြီးက ဆက်သွယ်ခဲ့ပြီး နိုင်ငံတကာ ကြက်တောင်ရိုက်အားကစား လှုပ်ရှားမှု၌ ပါဝင်ဆောင်ရွက် ခဲ့သည်။

  • ၁၉၅၃ ခုနှစ်

    ၁၉၅၃ ခုနှစ်တွင် အသင်းချုပ်ကြီး အမည်ကို “မြန်မာနိုင်ငံ ကြက်တောင်ရိုက် အသင်းချုပ်” ဟု အမည်ပြောင်းပြီး ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဥပဒေကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲပြဌာန်းခဲ့၏။

  • ၁၉၆၄ ခုနှစ် မေလ ၂၇ ရက်

    ၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့၌ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီကို ဖျက်သိမ်း၍ အားကစားနှင့် ကာယပညာကော်မတီ ဖွဲ့စည်းပြီးသောအခါတွင် အသင်းချုပ် အမည်ကို “မြန်မာနိုင်ငံ ကြက်တောင်ရိုက် အဖွဲ့ချုပ်” ဟု ပြောင်းလဲလျက် အားကစားနှင့် ကာယပညာ ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လာခဲ့သည်။

ကြက်တောင်ရိုက် အားကစား
ပြိုင်ပွဲများ

မြန်မာပြည်လုံးဆိုင်ရာ ကြက်တောင်ရိုက် အသင်းချုပ်ကြီးအနေဖြင့် ၁၉၄၈-၄၉ မှစ၍ မြန်မာနိုင်ငံ အမျိုးသားတံခွန်စိုက် ကြက်တောင်ရိုက် ပြိုင်ပွဲကို စတင်ကျင်းပပေးခဲ့၏။ အငယ်တန်း အမျိုးသား တံခွန်စိုက် ပြိုင်ပွဲကို ၁၉၅၆-၅၇ ခုနှစ်မှ ကျင်းပပေးနိုင်ခဲ့၏။ ကလပ်အသင်းလိုက်ပြိုင်ပွဲကို ၁၉၅၀ ပြည့်နှစ်တွင် လည်းကောင်း၊ ခရိုင်လိုက်ပြိုင်ပွဲကို ၁၉၅၂ ခုနှစ်တွင်လည်းကောင်း၊ တိုင်းနှင့်ပြည်နယ်အလိုက် ပြိုင်ပွဲကို ၁၉၅၈ ခုနှစ်တွင်လည်းကောင်း ကျင်းပ ပေးခဲ့သော်လည်း ပုံမှန် အဆက်မပြတ် ကျင်းပပေးနိုင်ခြင်း မရှိခဲ့ချေ။

၁၉၆၃ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးကို ဇုံ ၆ ဇုံ သတ်မှတ်၍ ဇုံအလိုက်ပြိုင်ပွဲ ကျင်းပပေးပြီးနောက် ၁၉၆၅ ခုနှစ် မှ စတင်ကာ ပြည်နယ်/တိုင်း အမျိုးသား၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲကို နှစ်စဉ်ပုံမှန် ကျင်းပပေးနိုင်ခဲ့သည်။ မြန်မာ့ကြက်တောင်ရိုက် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် နိုင်ငံတကာအဆင့်မီရေး အတွက် မြန်မာနိုင်ငံ ကြကတောင်ရိုက် အဖွဲ့ချုပ်မှ ယခုအခါ စီမံချက် ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်လျက်ရှိ သောကြောင့် မြန်မာနိုင်ငံ အမျိုးသား တံခွန်စိုက်ပြိုင်ပွဲ၊ အငယ်တန်း အမျိုးသား တံခွန်စိုက် ပြိုင်ပွဲ၊ ပြည်နယ်/တိုင်း၊ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲ၊ ကလပ်အသင်းလိုက်ပြိုင်ပွဲ၊ ဌာနပေါင်းစုံပြိုင်ပွဲနျင့် (၁၁/၁၃/၁၅/၁၇/၁၉ နှစ်အောက်) လူငယ်၊ (၃၀/၃၅/၄၀/၄၅/၅၀/၅၅/၆၀ နှစ်အထက်) သက်ကြီးများ သက်တန်းအလိုက် ပြိုင်ပွဲများကို နှစ်စဉ် အဆက်မပြတ် ပုံမှန်ကျင်းပပေးပြီး ကြက်တောင်ရိုက် အားကစား လူရည်ချွန်များကို မွေးထုတ်ပေးလျက်ရှိကြောင်း လေ့လာသိရှိရပေသည်။